ဘူးသီးတောင် ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၁)ဧကအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူပညာပေးနေကြာသီးနှံ ကွင်းသရုပ်ပြအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်ဘူး သီးတောင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းဆီဖူလုံမှုကို အထောက်အကူဖြစ်စေရန်၊ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးလာကြရန်တောင်သူပညာပေးအဖြစ် နန်းရာကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၃၂၆A၊ ဦးပိုင်အမှတ် ၄၆+၄၇တွင် နေကြာမျိုးစေ့ထုတ်(၅)ဧကကို ဆောင်ရွက်လျက်ရှိရာ ဘူးသီးတောင်မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်း လျာထားချက်(၅၁၃)ဧကရှိပြီး (၅၂၁)ဧကစိုက်ပြီးဖြစ်ကာ ဆီထွက်သီးနှံဖွံ့ဖြိုးရေးကဏ္ဍတွင် နေကြာသီးနှံ စိုက်နည်းစနစ်မှန်ကန်ရေး (၁)ဧကအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူ ပညာပေးနေကြာသီးနှံ ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးမောင်မောင်ညီထံမှ သိရသည်။
အဆိုပါဆီထွက်သီးနှံနေကြာကွင်းသရုပ်ပြ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများစုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)