ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ လူငယ်စကားဝိုင်းကျင်းပ

စစ်တွေ ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ပူးပေါင်း၍ “လူငယ်နှင့်ဆိုရှယ်မီဒီယာ၏အကျိုးအပြစ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) စုဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) သုတသိပ္ပံမဟာဌာနမှ တွဲဖက်ပါမောက္ခဌာနမှူး ဦးသောင်းမြင့်ထွန်းနှင့် စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်တို့က (Moderator) ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ပြီး ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ပထမနှစ်ကျောင်းသား မောင်ကောင်းမြတ်သူ၊ စတုတ္ထနှစ်ကျောင်းသား မောင်ဆလိုင်းမျိုးချစ်ထွန်း၊ ပထမနှစ်ကျောင်းသူ မနီလာသော်နှင့် ပထမနှစ်ကျောင်းသူ မခိုင်နှင်းဝေတို့က “လူငယ်နှင့်ဆိုရှယ်မီဒီယာ၏အကျိုးအပြစ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြသည်။

ဆွေးနွေးပြောကြားချက်များအပေါ်တွင် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းဆွေးနွေးဖြေကြားကြပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း