ရခိုင်ပြည်နယ်

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် သမဝါယမနှင့် အသေးစားအလတ်စားလုပ်ငန်းကဏ္ဍများ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ကွင်းလျားရှည်ဆည်တွင်ရေများ နည်းပါးနေသောကြောင့် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေမှုများအား မတ်လတတိယပတ်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

အမ်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး ကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့ Community Centre ခန်းမ၌ လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community    Centre ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး  (Talk Show) ကို  ယနေ့နေ့လည် (၂) နာရီအချိန်က အဆိုပါခန်းမအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေပုံမြို့နယ်၊ ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေကျေးရွာ အရှည်(၂၈၇၅)ပေရှိ ကျေးရွာချင်းဆက်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည်(၂၈၇၅)ပေရှိ ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နနာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်သည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကျောက်ဖြူခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စုပေါင်းသွေးလှူဒါန်းခဲ့သည်။

တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး ဆိုင်ရာအရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကင်းတောင် စံပြကျေးရွာ၊ တရဘကျေးရွာနှင့်ကျောက်မောင်နှမ ကျေးရွာများတွင်ကျင်းပခဲ့ကြောင်းသိရသည်။

မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စား သောက်ဆိုင်များသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့ ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှကြီးမှူး၍ လူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက NOBLE International Pre–School & Learning Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေသာလီရပ်ကွက်၊ အလယ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်