ကျောက်တော်မြို့ Community Centre ခန်းမ၌ လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး (Talk Show) ပြုလုပ်

ကျောက်တော် မတ် ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community    Centre ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး  (Talk Show) ကို  ယနေ့နေ့လည် (၂) နာရီအချိန်က အဆိုပါခန်းမအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ  ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဦးမြခိုင်က လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အငယ်တန်းစာရေး ဒေါ်ကျော့ကျော့ဝင်းနှင့် Grade-9 ကျောင်းသား မောင်သန့်ဇင်ထွန်းတို့က လူငယ်နှင့်ယဉ်ကျေးမှု အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ပြည်ပနိုင်ငံများမှ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော ဓလေ့စရိုက်များ လွမ်းမိုးမှုမရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများ၊ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်မှု၊ လူကြီးများရှေ့မှောက်၌ သွားလာနေထိုင်မှု၊ ဗုဒ္ဓဘာသာတရားကိုင်းရှိုင်းမှု၊ ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်ရန် လိုအပ်ကြောင်း စသော အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)