ဂွ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ကွင်းလျားရှည်ဆည်တွင်ရေများ နည်းပါးနေသောကြောင့် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေမှုများအား မတ်လတတိယပတ်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနတို့က ကွင်းလျားရှည်ဆည် ရေနည်းပါး၍မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်မှုနည်းပါးခြင်းတို့ကြောင့်လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်