မြောက်ဦး မတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စားသောက်ဆိုင်များသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်းတွင် ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသောက်ဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့်မီး လောင်မှုကြောင့်ပြည်သူများ ၏အသက်၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးယိုယွင်းနေပါကအသစ်လဲလှယ်၍ ပြန်လည်တတ်ဆင် အသုံးပြုကြရန်နှင့် လျှပ်စစ်ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအား စနစ်တကျ ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေးများဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြှိမ်းသတ်ထားရှိပြီး နေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများအသင့်ထားရှိရန်နှင့် ရုတ်တရက် မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်ကြောင်း စသည့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)