ရခိုင်ပြည်နယ် ၊မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မောင်တော မတ် ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဝေသာလီရပ်ကွက်၊ အလယ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်အေးသိန်းက (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဝေသာလီရပ်ကွက်၊ အလယ်လမ်းသစ်နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင်  ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝေသာလီကျေးရွာအား မြို့ပေါ်ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်မှုကြောင့် ရပ်ကွက်အတွင်း ဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်များအရ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွန်မှုဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလျာထားခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒဿမ ၅၆၄ သန်းဖြင့် အလျား ၁၉၅၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ ပေ အား ပြည်ဆန္ဒကုမ္ပဏီမှ  တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းသစ်အား ကျေးရွာသူ/သားများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် စသည့်တိုကို ရှင်းလင်းပြောကြားပြီးနောက် ဝေသာလီကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်အေးသိန်းနှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနား အမှတ်တရအလံငယ်များကို  တာဝန်ရှိသူများထံပေးအပ်ပြီး လမ်းသစ်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်အေးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီးနောက် လမ်းသစ်အား တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)