တောင်ကုတ် မတ် ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး ဆိုင်ရာအရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကင်းတောင် စံပြကျေးရွာ၊ တရဘကျေးရွာနှင့်ကျောက်မောင်နှမ ကျေးရွာများတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး ကအမှာစကားပြောကြားပြီးနောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများပေးအပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက် ကြမည့်ကင်းတောင် စံပြကျေးရွာ၊ တရဘကျေးရွာနှင့် ကျောက်မောင်နှမကျေးရွာများသို့ တစ်ရွာလျှင် အရင်းမပျောက် မတည်ငွေကျပ်သိန်း(၃၀၀)စီကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)