ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမ်းမြို့၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန် ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမ်းမြို့နယ်အတွင်း လှည့်လည်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တစ်ဖက်ကမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီကစ၍ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရခိုင်ရိုးရာကျင်ပွဲနှင့်ကျား/မလွန်ဆွဲပွဲတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ နဝမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီမြှင့်ပွဲကျင်းပ

နဝမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ယမန်နေ့ ည(၇)နာရီက ၎င်း၏ ဇာတိမွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ မင်းဘာကြီးလမ်း နိုင်လွန်ကတ္တရာလမ်းနှင့် အမ်းမြို့တောရကျောင်းလမ်းကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ မင်းဘာကြီးလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

မြောက်ဦးမြို့၌ ပထမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ) က ကြီးမှူး ကျင်းပသော  ၂၀၂၂ ခုနှစ် ၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေများအား ပထမအကြိမ်မြောက် စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်သည့် အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ကျောက်တော်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် သမဝါယမကဏ္ဍအတွက် မတည်ချေးငွေများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် သမဝါယမကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆနဒီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌ တိပိဋကဓရ ဆရာတော်(၈)ပါးအားဂုဏ်ပြုပူဇော်နိုင်ရန်အတွက် နဝကမ္မဝတ္တုငွေလှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် တိပိဋကဓရ ဆရာတော်(၈)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို ဖေဖေါ်ဝါရီ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဂုဏ်ပြုပူဇော်ပွဲပြုလုပ်နိုင်ရန်အတွက် နဝကမ္မဝတ္တု ငွေများလှူဒါန်းခဲ့ကြသူများသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ဘူးသီးတောင်မြို့၌၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှူစစ်ဆေး

၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာဖြေဌာန အထက (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းပါဝင်သော အခြေခံအင်္ဂလိပ်စသင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တောင်သူ (၁၂၄) ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ် မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅) အုပ်စုမှာ တောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်