အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

အမ်း မတ်၂၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းပါဝင်သော အခြေခံအင်္ဂလိပ်စသင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့်  မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ လူ ငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိ တ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသော ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝပြီး ဉာဏ်ရည်ထက် မြက်လာစေရန်၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေပြီး အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာ သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ပါကြောင်း  ယခုလို နွေရာသီကျောင်းပိတ် ရက်ကာလ၌ သားတို့သမီးတို့အနေဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်းကိုလို ချင်စိတ်ရှိရှိနှင့် တက်ရောက်လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားကျင်းပပေး ရတဲ့အတွက်သင်တန်းကာလ ပြီးမြောက်အောင်တက်ရောက်ကြစေလိုကြောင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်မှပြောကြားရာတွင်ယ နေ့ခေတ် သည်ပညာခေတ်ဖြစ်၍ လူငယ်များ အသိပညာအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့သင်ယူကြစေလိုကြောင်း တတ်မြောက်ထားပြီးသော ပညာရပ်များအားလည်း အကျိုးရှိရှိအသုံးချကြစေရန် မှာကြားခဲ့သည်။ ထို့နောက်သင် တန်းနည်းပြ ဆရာမ ဒေါ်ထက်ထက်ထွန်းမှ အင်္ဂလိပ်စာဘာသာရပ် ကိုလူငယ်တိုင်း လေ့လာသင်ယူတတ်မြောက်ထားသင့်သည့် ဘာသာရပ်ဖြစ်၍ အစွမ်းကုန်ကြိုးစားသင် ကြားပေးမည်ဖြစ်၍ သင်ကြားစဥ်ကာလ၌ စိတ်ပါဝင်စားစွာထိထိရောက်ရောက် လေ့လာသင် ယူကြစေလိုကြောင်းပြောကြားခဲ့သည်။

နွေရာသီကာလအတွင်း ယနေ့ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို (၂၄-၃-၂၀၂၃) ရက်နေ့မှစ၍ ရက်သတ္တ တစ်ပတ် တစ်နေ့ နှစ်နာရီ်နှုန်းဖြင့်သင် ကြားပို့ချပေးသွားမည်ဖြစ်ပြီး လက်ရှိ သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

စိုးမင်းထွန်း (ပြန်/ ဆက်)