ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အမ်းမြို့တောရ ကျောင်းလမ်းကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေယာဥ်ကွင်း -အောက်ရွာ ဆက်သွယ်သော တောရကျောင်းလမ်းအား(၁၈)အကျယ်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဆောင်သစ်များ ဖွင့်လှစ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာမူလတန်း ကျောင်း (ရူပမြောက်)နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းဆောင်သစ်များ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်များရှေ့၌ ကျင်းပခဲ့သည်။

သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေဓာတ်အားလိုင်း (၁၆.၆၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် တောင်သူ (၁၂၄)ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ်မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅)အုပ်စုမှာတောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို ယနေ့န့နက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ သမိုင်းကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုရိုးရာ၊ ဓလေ့ထုံးတမ်းနှင့် အခြေခံအချက်အလက်များဆိုင်ရာ စာတမ်းဖတ်ပွဲတက်ရောက်

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ သမိုင်းကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုရိုးရာ၊ ဓလေ့ထုံးတမ်းနှင့် အခြေခံအချက်အလက်များဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

မင်းပြားမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းပြားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်သော ကင်းဆိပ်-ခြိတ်တောင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉:၃၀)မိနစ်အချိန်တွင် အဆိုပါမုခ်ဦး၌ ကျင်းပပြုလုပ်သည်။

မအီမြို့၌ အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မအီမြို့တွင် သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ယူဆောင်ရွက်သည့် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ၊ အကပဒေသာများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ်းသာယာ- မဒေါ့ကြောကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည်(၀.၇၁)ကီလိုမီတာရှိ ကမ်းသာယာကျေးရွာနှင့် မဒေါ့ကြောကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ (ပထမအကြိမ်)ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏(ပထမအကြိမ်) ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းမတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာသို့ ချေးငွေများ လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာရှိ ငါးလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်