ဘူးသီးတောင်မြို့၌၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှူစစ်ဆေး

ဘူးသီးတောင် မတ်

၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာဖြေဌာန အထက () အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုမည့် အမှတ်()ရပ်ကွက်ရှိ အမှတ်() အခြေခံပညာ အထက်တန်း ကျောင်း၌ စာမေးပွဲခန်းများ ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို စာဖြေဌာန () ခုဖြင့် ကျင်းပ မည်ဖြစ်ပြီး စာဖြေသံဃာစုစုပေါင်း (၂၅) ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဘူးသီးတောင်မြို့နယ်ရုံးမှ သိရသည်။

လှကျော် (ပြန်/ဆက်)