ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးနေသော စာသင်ကျောင်းများရှင်းလင်းနေမှုအား ကြည့်ရှုပြီး သွပ်ပြား များထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင် ကျောင်းများအား ရှင်းလင်းရေး ဆောင်ရွက်နေမှုများအား မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။