ရခိုင်ပြည်နယ်

ရသေ့တောင်မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျသိမ်းဆည်းဆောင်ရွက်လျှက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက် သစ်ပင်သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှအမှိုက်များအား စနစ်တကျကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျေးရွာစာကြည့်တိုက်များရှင်သန် ခိုင်မာရေး၊ ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်ရည်ရွယ် ၍  အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များနှင့် ပူးပေါင်း၍ယနေ့နံနက် ၉ နာရီအချိန်က  ပျဉ်းတောကျေးရွာရှိ  ပညာအလင်း တံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အလွန့်အလွန် အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ယနေ့၊ နံနက်ပိုင်းက နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရှုံးဆုံးခဲ့သည့် စာသင်ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရသေ့တောင်မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျ သိမ်းဆည်းဆောင်ရွက်

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသ​ဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်မှဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး အဖွဲ့များမှ လမ်းအလိုက် သစ်ပင် သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင် ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ချောင်းဝ ရပ်ကွက်ရှိ မေဎဝဒီလမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကြွေချိုင်ကျေးရွာရှိ အ.လ.ကကျောင်းနှင့် ကျန်းမာရေးဌာနခွဲ အတွက် သွပ်များပေးအပ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများ ပျက်စီးခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့အတွက် သွပ်များနှင့် သွပ်သံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သံတွဲမြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သူဇာမြင့်နှင့် တာဝန်ရှိသူ များသည် ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာနှင့် ခရမ်းမော်ကျေးရွာများရှိ လေဘေးသင့်ပြည်သူများထံ သွားရောက်၍ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

သံတွဲမြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သူဇာမြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာနှင့် ခရမ်းမော်ကျေးရွာများရှိ လေဘေးသင့် ပြည်သူများထံ သွားရောက်၍ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မာန်အောင်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ၍ ထိခိုက်ပျက်စီးသောစာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည်များအားပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်