မြေပုံမြို့၌ လေဘေးသင့် အဆောက်အဦများ သွားရောက်ကြည့်ရှုပြီး လေဘေးခုံလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်ကြီးများထံသို့ သွားရောက်ဖူးမြှော်ကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များလှူဒါန်း

မြေပုံ မေ၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးဦးဆောင်သော သဘာဝဘေးပြန်လည် ထူထောင်ရေးကော်မတီဝင်များက ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က တောင်ပေါ်ရပ်ကွက်ရှိ ဘင်္ဂလီလူမျိုးများ၏ လေဘေးသင့်အဆောက်အဦများ၊ မြေပုံမြို့ပေါ်ရှိ လေဘေး ခိုလှုံရာ စခန်း ဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်သည်။

ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ သဘာဝဘေး ပြန်လည်ထူထောင် ရေးကော်မတီဝင်တို့က တောင်ပေါ်ရပ်ကွက်သို့ သွားရောက်ကာ လေဘေးသင့် အဆောက်အဦများအား ကြည့်ရှုပြီး ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ဘင်္ဂလီလူမျိုးများ၏ ဘုရားဝတ်ပြုရာ ဘလီကျောင်း ပျက်စီးနေမှုအား စောလျင်စွာပြင်ဆင်ကြရန်နှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် မြေပုံမြို့ပေါ်ရှိ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် မြို့မကုသိနာရုံ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်ကြီး ဦးရာဇိန္ဒအား ဖူးမြှော်ာ်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်များ လှူဒါန်းကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။ ဆက်လက် ၍ တောင်ကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီး ဦးသိရောမဏိအား ဖူးမျှော်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ လှူဒါန်းကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။

တင်ဝင်း