မြောက်ဦး မေ ၂၁
မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဆွမ်းဆန်တော်များနှင့်လှူဖွယ် ဝတ္ထုများ ဆပ်ကပ်လှူဒါန်း ပေးခဲ့ကြသည်။
ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့သည် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများဖြစ်သော သာသနာ့လင်္ကာရဘုန်း တော်ကြီးကျောင်း၊ ထမ္မရာဇ်ဘုန်းတော်ကြီးကျောင်း၊ သဇင်တောရ ကမ္မဌာန်းကျောင်းတိုက်နှင့် အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ကြီးဖြစ်သော နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ ဩဝါဒခံယူ ကြပြီးနောက် မုန်တိုင်းဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းများအား ပျက်စီးသွားသည့် အဆောက်အဦးများအား သွားရောက်လှည့်လည် ကြည့်ရှုခဲ့ကြရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် တာဝန်ရှိသူများကို ရှင်းလင်းပြောကြားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း၊ သံဃာများ ဆွမ်း အဆင် ပြေစေရန်အတွက် ဆရာတော် အရှင်သူမြတ်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ဆီများနှင့် လှူဖွယ်ဝတ္တုများ ကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြသည်။
မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီးခင်မောင်စိုး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်နှင့်တာဝန်ရှိသူများက ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ပြုပြင်နိုင်ရန်နှင့်ဆွမ်းဆန်များအဆင်ပြေစေရန်အတွက် သွားရောက် ဆပ်ကပ်လှူဒါန်ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)