မင်းပြား မေ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်းတိုက်ခတ်မှုကြောင့် ပိမိနေသော သစ်ပင်သစ်ကိုင်းများအား ဘေး အန္တရာယ်ကျရောက်ပြီးနောက် ဆက်လက် ဖယ်ရှားလျက်ရှိရာ ယနေ့နံနက်ကစျေးဟောင်းပိုင်းရပ်ကွက်၌ ရှင်းလင်းခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့်မြို့နယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်းပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များကအလယ် ပိုင်းရပ်ကွက်ရှိ နေအိမ်ခေါင်မိုးပေါ်တွင် ပိနေသည့်အပင်များ နှင့် စျေးဆိုင်ခန်းများ၊လမ်း၊ ခြံစည်း၊ ရေနုတ်မြောင်းများတွင် အဆိုပါ မိုခါမုန်တိုင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပျက်စီးနေသောသွပ်များ၊ အမှိုက်များ၊ ကုက္ကို၊ ပိတောက်၊ သရက်၊ ဗန်ဒါပင်စသည့်အပင်များမှ သစ်ပင်အကိုင်းအခက်အလက်များအား ချိန်းစက်၊ ပုဆိန်၊ဓါးများဖြင့်ခုတ်ထွင်ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
သောင်းရွှေ