မောင်တော ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင် ကျောင်းများအား ရှင်းလင်းရေး ဆောင်ရွက်နေမှုများအား မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံးခဲ့သော မောင်တောမြို့နယ်အတွင်း အင်းဒင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်းများ ခေါင်မိုးလန်ပျက်စီးနေမှုအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၀င် များက ရှင်းလင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် ခေါင်မိုးပြုပြင်နိုင်ရေးအတွက် သွပ်ပြားများ ထောက်ပံ့လှုဒါန်းပေးအပ်ခဲ့သည်။ ယင်းနောက် မြိုယုကျေးရွာရှိ ယာယီစာသင်ကျောင်းနှင့် ကျောက်ပန္ဒူကျေးရွာရှိ အခြေခံပညာ အလယ် တန်းကျောင်းခွဲ သို့ရောက်ရှိပြီး လေဘေးကြောင့် ပျက်စီးခဲ့သော စာသင်ဆောင်နှင့် စာသင်ခန်းများအား ရှင်းလင်းနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဖွင့် ကာလအတွင်းကျောင်းများ ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)