ရခိုင်ပြည်နယ် မောင်တောမြို့တွင် မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း ယာယီတဲများ တည်ဆောက်နေမှုများနှင့် ပြည်သူများနေထိုင်နေမှုအား ဗိုလ်မှူးချုပ် တင်ဆွေနှင့်တာ၀န်ရှိသူများ လိုက်လံကြည့်ရှု
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း ယာယီတဲများ တည်ဆောက်နေမှုများနှင့် ယာယီတဲအတွင်း ပြည်သူများနေထိုင်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုခဲ့ကြသည်။