ပေါက်တော ဇွန် ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မိုးဦးကာလတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က-ပေါက်တောကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် အခြားကျန်းမာရေးအကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ကျန်းမာရေးဌာနမှ ဝန်ထမ်း
များမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်းတုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)