ဘူးသီးတောင် ဇွန် ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀း၀၀)အချိန်က ဘူးသီးတောင်မြို့နယ် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန ဂိုဒေါင်၌ ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သည့် သွပ်များ ရောက်ရှိနေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုကာ ပြန်လည်ဖြန့်ဝေမည့် အစီအစဉ်များအား တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် အဖွဲ့သည် အ.မ.က မြို့မစေတီတောင်၊ အ.ထ.က(ခွဲ)၂၊ သုဓမ္မာရုံဘုန်းတော်ကြီးစာသင်ကျောင်း၊ အ.လ.က(ခွဲ)သပြေကုန်း၊ အ.မ.က(၅၅၁)၊ အ.ထ.က(ခွဲ)၃ စာသင်ကျောင်းများသို့ သွားရောက်ပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက်အဦများအား ယာယီပြင်ဆင်ဆောင်ရွက်ထားရှိနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ မိုးလုံ၊ လေလုံ ပညာသင်ကြားနေမှုတို့အား သွားရောက်ကြည့်ရှုကာ အနာဂါတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား၊ကျောင်းသူများအား ပညာသင်ကြားချိန်တွင် ပညာတတ်မြောက်အောင် သင်ယူကြရန် အနာဂါတ်တွင် ဘက်စုံထူးချွန်သော ဗဟုသုတကြွယ်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် ပညာကို ကြိုးစားသင်ယူကြရန် အားပေးစကားများ ပြောကြားပြီးကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် ညနေပိုင်းတွင် ဘူးသီးတောင်မြို့အေးစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တသောမနှင့် မြို့ပေါ်ရပ်ကွက် များရှိ ကျောင်းထိုင်ဆရာတော်ကြီး(၈)ပါးတို့အား ဖူးမျှော်ကာဩဝါဒ ခံယူပြီး မိုခါမုန်တိုင်းကြောင့် အမိုးလန် ပျက်စီးသွားသော အေးစေတီဘုန်းတော်ကြီးကျောင်း၊ မြတောင်ဘုန်းတော်ကြီးကျောင်း၊ သတိပဌာန်တောရဘုန်းတော်ကြီးကျောင်း၊ မဟာဖလသုခဘုန်းတော်ကြီးကျောင်း၊ မြစိမ်းရောင်ဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လောကချမ်းသာဘုန်းတော်ကြီးကျောင်း၊ ပေါက်ပင်ရင်းဘုန်းတော်ကြီးကျောင်း၊ စုစုပေါင်းဘုန်းတော်ကြီးကျောင်း(၈)ကျောင်းတို့အတွက် အမိုးသွပ်၊ ဆန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီး ကျောင်းများထံသို့ လှူဒါန်းသော နဝကမ္မငွေသားများ ဆက်ကပ်လှူဒါန်းခဲ့ရသည်။
မြို့နယ်( ပြန်/ဆက် )