ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများနှင့် ပညာရေးမှူးရုံးများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား/ကျောင်းသူ(၁၂၀၀)ဦးတွင် (၅၃၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန် ကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ ၁၀၀၆ ဦးရှိပြီး အောင်မြင်သူ ၅၂၆ ရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၅၂ ဒသမ ၂၉ ရှိ

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပေါက်တောမြို့နယ်တွင်ဇွန် ၉ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနကျောင်းများတွင်လည်း အောင်စာရင်းကို ထုတ်ပြန်ထားသည်။

မြေပုံမြို့နယ်၌ တက္ကသိုဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၆၅.၉၇ ရာခိုင်နှုန်းရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူး ရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ အချိန်၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၅၉.၆၃ ရာခိုင်နှုန်းရှိ

နိုင်ငံတစ်ဝန်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာခဲ့ရာ အမ်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနကျောင်းများတွင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ဂွမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၇၁.၅၁ ရာခိုင်နှုန်းရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို   မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ရာ ဂွမြို့နယ်တွင် အောင်မြင်မှုရာခိုင်နှုန်း ၇၁.၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရသေ့တောင်မြို့နယ်မှ အောင်ချက် ၅၆.၂၆ ရာခိုင်နှုန်းအထိရှိ

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရ‌သေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။ 

ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုခါမုန်တိုင်းကြောင့် ဌာနဆိုင်ရာရုံးများ၏ ပြင်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများအား ကြည့်ရှုအားပေး၍ ဆေးကုသမှုခံယူနေသူများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ၆၂.၅၁ ရာခိုင်နှုန်းအောင် မြင်မှုရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်သူများစာရင်းအား ယနေ့နံနက် ၆ နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန် ရှိသူများ လာရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့် ရှုအားပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်