ဂွ ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ရာ ဂွမြို့နယ်တွင် အောင်မြင်မှုရာခိုင်နှုန်း ၇၁.၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဂွမြို့နယ်အနယ်အနေဖြင့် အ.ထ.က (ဂွ)၊ အ.ထ.က(ဆပ်သွား)နှင့် အ.ထ.က(ကျိန္တလီ)တို့တွင် စာစစ်ဌာန(၃)ခုဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ ၃၇၂ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၆၆ ဦးအနက်မှ ၃ ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၂၁)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်(၈၂)ဦးတို့ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုလုံးအနေဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၇၁.၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေရည်ဝင်းကျော်