အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန် ရှိသူများ လာရောက်ကြည့်ရှုအားပေး

ပုဏ္ဏားကျွန်း ဇွန် ၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့် ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူများပါဝင်သော ကလေးအထူးကုဆရာဝန်ကြီး၊ ထွေထွေရောဂါကု ဆရာဝန်ကြီးတို့က လက်ဝဲစာတိုက်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် လက်ဝဲစာတိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး၊ ကျောင်းတိုက်ဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ကာ ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးခဲ့သည်။ ပြီးနောက် ကျေးရွာသူ၊ ကျေးရွာသားများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား ပြောကြားပြီး ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)