မြေပုံ ဇွန် ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူး ရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ အချိန်၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲကို မြေပုံမြို့နယ်စာစစ်ဌာနများဖြစ်သည့် အထက မြေပုံနှင့် အထက ကမ်းထောင့်ကြီးတို့တွင် စာစစ်ဌာန (၂) ခု သတ်မှတ်ထားပြီး စုစုပေါင်း ဝင်ရောက်ဖြေဆို ကျောင်းသား/ကျောင်းသူ (၇၆၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်ကျောင်းသား/ ကျောင်းသူ (၅၀၂) ဦး အနက်မှ (၃)ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၇) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၈၆) ဦး၊ တို့ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၅.၉၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
တင်ဝင်း