မအီမြို့၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ သဒွန်ကျေးရွာအုပ်စု၊ မြောင်းတောင်ကျေးရွာတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ် းဖက်မှုပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် တောင်ကုတ်မြို့နယ်အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။