ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်

ဘူးသီးတောင် ဇွန် ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများနှင့် ပညာရေးမှူးရုံးများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား/ကျောင်းသူ(၁၂၀၀)ဦးတွင် (၅၃၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက(၁)စာစစ်ဌာန၊ အထက(၂) စာစစ်ဌာန၊ အထက(ခွဲ)လ၂နှင့် အထက(ခွဲ)လ ၃ စာစစ်ဌာနဟူ၍ စာစစ်ဌာန(၄)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဖြေဆိုသူ(၁၂၀၀)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၅၃၁) ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၈၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်(၄၄၀)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)