အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၅၉.၆၃ ရာခိုင်နှုန်းရှိ

အမ်း  မေ  ၉

နိုင်ငံတစ်ဝန်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာခဲ့ရာ အမ်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနကျောင်းများတွင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  မြို့ပေါ်ရပ်ကွက်ရှိ အမှတ်(၁) အ.ထ.က၊ အမှတ်(၂) အ.ထ.က၊ အမှတ်(၃) အ.ထ.က၊  အ.ထ.က (တပ်တောင်) အစရှိသည့် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ကျောင်းတွင်းမှဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ ပြင်ပမှဖြေဆိုသူ (၄၄၂)ဦး၊ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ (၈၂၀) ဦးအနက် (၄၈၉) ဦးအောင်မြင်ရာတွင် (၃) ဘာသာ ၈ ဦး(၂) ဘာသာ-၃၇ ဦး(၁)ဘာသာ-၁၅၅ ဦးစုစု ပေါင်း (၂၀၀) ဦးဖြစ်ကြောင်း၊ အောင်မြင်မှု ၅၉.၆၃ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)