၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရသေ့တောင်မြို့နယ်မှ အောင်ချက် ၅၆.၂၆ ရာခိုင်နှုန်းအထိရှိ

ရသေ့တောင်       ဇွန်   

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရ‌သေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်းအား စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။   ရ‌သေ့တောင်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၃၃)ဦး၊ အောင်မြင်သူ(၇၅၀)ဦးရှိပြီး  (၃)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၅)ဦးနှင့်(၁)ဘာသာဂုဏ်ထူးရှင်(၁၅၇)ဦး ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုလုံးအနေဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၆.၂၆)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရသေ့တောင်(ပြန်/ဆက်)