မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံပေး
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကစတင်၍ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအလိုက်ဆရာ၊ဆရာမများက ကြီးကြပ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမနှင့်ကျန်းမာရေးဆရာမများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို လမ်းညွှန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိသည်။