ဘူးသီးတောင် စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင့်နှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်ငြိမ်းထွန်းက သဘာဝဘေးနှင့် ပတ်သတ်၍ ပရိုဂျတ်တာဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှာဖွယ်ကယ်ဆယ်ရေး တိုက်ဖွဲ့ဝင်များက အသက်ကယ်အင်္ကျီ ဝတ်ဆင်အသုံးပြုခြင်းနှင့် ရေသန့်ဘူးဖြင့် အသက်ကယ်နိုင်ရေးတို့ကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဘေး (၈) မျိုး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့် ဝန်ထမ်းများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)