ဘူးသီးတောင် စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ အ.ထ.က (ခွဲ)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းနှင့်ပြစ်မှု၊ ပြစ်ဒါဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအား အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် စာအုပ်ပြပွဲနှင့်မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများဆောင်ရွက်ခဲ့ရာ စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်ခြင်းအား အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)