ကျိန္တလီမြို့၌ အသက် (၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး

ကျိန္တလီ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က (စံပြ)ကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)အထိကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine - HPV) ကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန် ရောက်ရှိလာကြသော အ.မ.က (ဖိုးလှောင်ကွင်း)၊ အ.မ.က (မူလွန်) (ငါးရံ့ကျော်)၊ အ.မ.က(ရေစမ်းကွင်း)၊ အ.မ.က (ပုန်းညှက်)၊ အ.မ.က (စမ်းချောင်း)၊ အ.မ.က (ချင်းကွင်း)၊ အ.မ.က (ကျောက်ခေါင်းကွင်း)၊ အ.ထ.က (စေတီကွင်း)၊ အ.မ.က(စံပြ)၊ အ.မ.က(ရာပြည့်) စုစုပေါင်း အခြေခံပညာကျောင်း(၁၀)ကျောင်းရှိ အသက်(၉)နှစ်မှ (၁၂)အထိ ကျောင်းသူများအား အ.မ.က (စံပြ)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine - HPV) ကို ယနေ့နံနက်(၉)နာရီအချိန်မှ ညနေ (၃)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်း