ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် အစားအသာက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့နေ့လယ်(၁၂)နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့်မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီး အတွင်း စားသောက်ကုန်ပစ္စည်းအရောင်ဆိုင်နှင့်ဆေးဆိုင်များတွင် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာ(Gold Power)အာဟာရမှုန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာ ဖော်ပြပါရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ စားသောက်ကုန်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များအား အစားအသာက်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)