ရခိုင်ပြည်နယ်

မြောက်ဦးမြို့ ပရဟိတအသင်းများစုပေါင်း၍ အကျွတ်အလွတ်ကထိန်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိ ပြည်တွင်း၊ပြည်ပ နယ်လှည့်သာသနာပြု “အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဝနဝါသီ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” ကြီးမှူး၍ ရတနာပါလ နာရေး ကူညီမှုဖောင်ဒေးရှင်း၊ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း၊ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အဖွဲ့နှင့် ရက္ခပူရသာသနာလင်္ကာရအသင်းတို့မှ စုပေါင်း၍ ကျင်းပသော အကျွတ်အလွတ် ကထိန် ပွဲတော်ကို ယမန်နေ့ညနေပိုင်းက ကျောက်ရာဇ်ကေရပ်ကွက် နာရေးကူညီမှုဖောင်ဒေးရှင်းရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူလူထုက ဒံပေါက်ဘူးများ လားရှိုးမှ တစ်ဆင့်ပေးပို့

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဒံပေါက်ဘူးများပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)၌ ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများကိုဂုဏ်ပြု

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲ၌ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အာရီယန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ ရခိုင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက် လမ္မတော်လမ်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဘူးသီးတောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းများဆောင် ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ်စတုဒိသာ ကျွေးမွေးလှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်များစုပေါင်း၍ ရခိုင်ရိုးရာအစဉ်အလာမပျက် သီတင်းကျွတ်ကာလ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ်စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၆)နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် ပြုလုပ်ခဲ့သည်။

မအီမြို့တွင် ဝါတွင်းကာလဆွမ်းသိမ်းပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ(၃)လပတ်လုံး ဥပုသ်နေ့တိုင်း၌ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းမှ သံဃာတော်အပါး(၇၆)ပါးတို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ဆွမ်းသိမ်းပွဲ အခမ်းအနားကို မအီမြို့၊ ဆွမ်းလောင်းအသင်းလူငယ်များက ဦးစီးဆောင်ရွက်၍ အဆိုပါ ဆွမ်းလောင်းအသင်းတည်ရှိရာ မအီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ကျေးတော(ရွာမ) ၌ ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်သည်။

သံတွဲမြို့၌ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်

သံတွဲခရိုင်၊ သံတွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် ခြံပြင် ကျေးရွာအုပ်စုအတွင်း စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်