ရသေ့တောင် နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက် လမ္မတော်လမ်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်အောင်နှင့် တပ်ဖွဲ့၀င်များက အရှေ့မြောက်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဘူးစသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်( ပြန်/ဆက် )