မြောက်ဦး နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စက်သုံးဆီ သိုလှောင်ထားရှိရေး၊ စက်သုံးဆီဆိုင်များတွင် မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ ထားရှိကာ အသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများ သတိပြုနိုင်စေရန် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို အကြံပြု ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)