ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ်စတုဒိသာ ကျွေးမွေးလှူဒါန်း

ပုဏ္ဏားကျွန်း  နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်များစုပေါင်း၍ ရခိုင်ရိုးရာအစဉ်အလာမပျက် သီတင်းကျွတ်ကာလ ရခိုင်ရိုးရာအစားအစာ မုန့်လုံးရေပေါ် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၆)နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲကို မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်းမှ စေတနာရှင်များ ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သီတင်းကျွတ်နှင့်တန်ဆောင်တိုင်ကာလအတွင်း အစဉ်အလာမပျက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထို့အတူ ရွာဟောင်းရပ်ကွက်၊ စံပြရပ်ကွက်တို့တွင်လည်း ရပ်ကွက်နေပြည်သူများ၊ လူပျို အပျိုများ၊ စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် ရခိုင်မုန့်တီ၊ အာပူလျှာပူ၊ ကြာဆံဟင်းခါး၊ ဆပ်နှံစသည့် အစားအစာတို့ဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိရာ တစ်ပျော်တစ်ပါး လာရောက်စားသုံးကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)