မြဝတီမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မြဝတီ  ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပသည်။

ရှေးဦးစွာ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် မဲရုံမှူး ၊ဒုမဲရုံမှူး ၊မဲရုံ အဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲလုံခြုံရေးနှင့် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီးစံရွှေ၊ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့၊  ဒုတိယရဲမှူးကြီး မိုးကျော် ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ညီညီလွင်နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ထပ်ဆင့်ဂုဏ်ပြု ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး  မဲရုံးမှူးတာဝန်ထမ်းဆောင်ခဲ့သည့် အခြေခံပညာအထက်တန်း (ဝါးတော)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနား၌ မြဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်  စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)