ကော့ကရိတ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများအား စားဝတ်နေရေးလွယ်ကူ အဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးတွင် ၁ ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀ စုတို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများရောင်းချနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌနှင့်အဖွဲ့ဝင် များ၊ ခရိုင်လဝကမှူး၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာတို့က လာရောက်ကြည့်ရှုခဲ့ပြီး စားသုံးဆီများလာရောက် ဝယ်ယူကြသည့်ပြည်သူများအား ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ‘’ဒို့အတူတူမဲပေးကြမယ်’’ လက်ကမ်းစာစောင်များကို တာဝန်ရှိသူများ က အသိပညာပေး ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)