မြဝတီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မြဝတီ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့  နံနက် (၁၀)နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သုတ/ရသစာ စာအုပ်၊ စာစောင် (၁၈၀)အုပ်ကို သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grade(5) မှ ကျောင်းသား/ ကျောင်းသူ (၆)ဦး လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)