ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာငွေများ ထုတ်ပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ် စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး အနေဖြင့် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကိုဌာရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ် (၁၂) နာရီ ကျောင်းဆင်းချိန်နှင့်ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း ကော့ကရိတ်မြို့ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)နှင့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဒေါနခန်းမသို့ သွားရောက်ပြီး ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့​ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီးအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီးဒေါ် သီသီနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

လိပ်သိုဒေသတွင် ဆလပ်ရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် ဆောင်းရာသီကာလ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ လယ်ယာမြေများနှင့် နေအိမ်ခြံဝင်းများအတွင်းတွင် ဆလပ်ရွက်များကို စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိနေကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်း သဘင်ခန်းမ၌ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်