ဒုတိယသမ္မတ ၂

Nov 19, 2020
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
Nov 10, 2020
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Nov 08, 2020
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်ဇနီးဒေါက်တာရွှေလွှမ်းတို့သည် လည်း နံနက်( ၇)နာရီ (၅၇)မိနစ်တွင် ထန်တလန်မြို့ ၊အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော မဲရုံအမှတ်(၁)သို့ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည်။
Oct 27, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဆူရ်ဘုန်လေယာဉ်ကွင်း လေကြောင်းဆက်သွယ်ရေးစခန်းမှ မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ် စမ်းသပ်ဆင်းသက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 26, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၊ ဟားခါးမြို့ ၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ ပြည်နယ်တရားလွှတ်တော်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (ဟားခါး)၊ ပညာရေး ဒီဂရီကောလိပ် (ဟားခါး)၊ ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်စာကြည့်တိုက် တိုးချဲ့တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှု စစ်ဆေး သည်။
Oct 20, 2020
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စာရင်းအင်းနေ့ ( World Statistics Day – 2020 ) အခမ်းအနား (Virtual Event)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၂ ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားသည်။
Oct 13, 2020
၂ဝ၂ဝ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား သည်။
Oct 09, 2020
၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကား ပြောကြားသည်။
Sep 25, 2020
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(၂၀၂၀)အထိမ်းအမှတ် Tourism and Rural Development ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။
Sep 06, 2020
ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိ နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မှန်တော - ဟာသာ - ဟားခါး လမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။