Skip to main content

ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာ

အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် စည်းလုံးညီညွတ်ခြင်း၏ ဒိဋ္ဌဓမ္မ အကျိုးတရားကို “သမဂ္ဂါနံ တပေါ သုခေါ”= သမဂ္ဂါနံ-စည်းလုံးညီညွတ် သောသူတို့၏၊ တပေါ-အကျင့်သည်၊ သုခေါ-အေးချမ်းသာယာတိုးတက် ကြီးပွားစမြဲဖြစ်သည်ဟု “ဗုဒ္ဓဝစနံသစ္စံ” အဖြစ် ဟောဖော်ညွှန်ပြတော်မူခဲ့သည်။ ထို့ပြင် အချင်းချင်း မသင့်မမြတ် မညီမညွတ်ဘဲ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင် ကျင့်ကြံဆောင်ရွက်ကြလျှင် ပျက်စီးဆုံးရှုံးခြင်းဖြင့်သာ နိဂုံးချုပ်ရသည်ကိုလည်း မြတ်ဗုဒ္ဓသခင်က ခုဒ္ဒက နိကာယ် မဟာသုတသောမဇာတ်တော်ဖြင့် ဟင်္သာကိုးသောင်းပျက်စီးဆုံးရှုံး နိဂုံးချုပ်ခဲ့ရပုံကို ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့ပါသည်။
Subscribe to ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာ