လွတ်လပ်ရေးနေ့မှသည် ညီညွတ်သော မြန်ပြည်သစ်ဆီ . . .
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(ယနေ့)သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို မြန်မာနိုင်ငံသားတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူ့ကျွန်ဘဝမှ လွတ်မြောက်သောနေ့၊ မိမိတို့အချုပ်အခြာအာဏာ မိမိတို့ထံ ပြန်လည်ရောက်ရှိခဲ့သော နေ့ထူးနေ့မြတ်ဟူ၍ သိရှိခဲ့ကြသည်။ ယခု လွတ်လပ်ရေးနေ့သည် (၇၆) နှစ်တိုင်ပြီ။