ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာ့ဘူမိခရီးသွားလုပ်ငန်း (Geotourism)
ဘူမိသိပ္ပံပညာရပ်သည် တန်ဖိုးမဖြတ်နိုင်သော ကမ္ဘာကြီး၏ နှစ်ပေါင်း ၄ ဒသမ ၆ ဘီလီယံ သက်တမ်းရှိ သမိုင်းကြောင်းနှင့် ဖြစ်စဉ်တို့အကြောင်းကို ပြောပြပေးသည်။ ဤအသိပညာသည် ယနေ့လူမှုအဖွဲ့အစည်းကို စိန်ခေါ်နေသော အနာဂတ်မျိုးဆက်သစ်တို့အတွက် ကမ္ဘာ့သယံဇာတတို့ကို ထိန်းသိမ်းကာကွယ်မှု၊ ကမ္ဘာလုံးဆိုင်ရာပူနွေးမှုနှင့် ဘူမိဆိုင်ရာသဘာဝအန္တရာယ်များ၏ သက်ရောက်မှုတို့ကို သက်သာပြေလျော့စေရန် အန်တုရာတွင် မရှိမဖြစ်လိုအပ်လှပါသည်။