သွားရောက်ဖူးမြော်ကြမည် တာတိုင်ဘုရားများဆီ
“အမျိုးမှန်လျှင် ပဲခူးသို့လည်း ဆန်ရမည်” ဟူသည့် ဆိုရိုးစကားသည် ယနေ့တိုင် ပြောဆိုသုံးစွဲနေဆဲပင်။ ယင်းဆိုရိုးစကားအတိုင်းပင် ပဲခူးမြို့သို့ တစ်ခေါက်တစ်ခါ သွားရောက်လေ့လာကြည့်သင့်သည့်အရာများစွာက ယနေ့တိုင် ခရီးသွားပြည်သူ၊ ဘုရားဖူးပြည်သူများကို ဆွဲဆောင်နိုင်ဆဲ။ ကျုံးနှင့် နန်းမြို့ရိုးတို့ ပါဝင်သော မြို့တော်ဟောင်းနှင့် သမိုင်းဝင်စေတီပုထိုးများက ဝင့်ကြွားထည်ဝါခဲ့သည့် ဟံသာဝတီခေတ်သမိုင်းတစ်ခုကို ယနေ့အထိ သယ်ဆောင်ပေးထားသည်။