အကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းဖြင့် အလုပ်ကို အလုပ်နှင့် သက်သေပြရန်
‘‘ပြည်သူလူထု၏ အကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်း” ဟူသည့် မှာကြားချက်တစ်ခုကို ကြားသိခဲ့ရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။