Skip to main content

သီတင်းကျွတ်လ စာအလင်္ကာများ

ဗုဒ္ဓဘာသာနှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် အနည်းနှင့်အများဆိုသလို တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်ပတ်သက်မြဲ ဖြစ်ပေသည်။ သီတင်းကျွတ်လတွင် အဘိဓမ္မာ အခါတော်နေ့၊ ပဝါရဏာပွဲတော်၊ တာဝတိံသာ ဆီမီးပူဇော်မီးပုံးပွဲနှင့် လူကြီးမိဘများကို ကန်တော့သော မင်္ဂလာမှုပွဲများ ကျင်းပကြလေသည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

အတုမရှိသော ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် သတ္တမမြောက်ဝါတွင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး မယ်တော်ဖြစ် ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာ ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုစဉ်ကမြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ် ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာ တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူခဲ့သည်။
Subscribe to သီတင်းကျွတ်