လူဦးရေတစ်သန်းခန့် ဓာတ်အားတိုးတက်သုံးစွဲစေနိုင်မည့် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်း
ဒွါရာဝတီ ခေါ် သံတွဲမြို့ကို ရခိုင်ရိုးမတောင်စွယ် တောင်တန်းများက ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ်တောင်တန်းများပေါ်မှ စီးဆင်းလာသော ချောင်း မြောင်းများကလည်း မြို့အနီးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက် နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။